အလုပ်သင်တို့၏ပထမဆုံးအတွေ့အကြုံ Interns' First Experience

*English text below*

ဒီအပတ်မှာ ကျွန်တော်တို့ရဲ့အလုပ်သင်(၂)ဦးဖြစ်သော ထုရာနှင့် မေဇင်ဦးတို့သည် ပထမဆုံးလုပ်အားပေးအစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။အမှိုက်သိမ်းဆည်းခြင်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းသာမက အင်တာဗျူးမေးမြန်းခြင်းနည်းလမ်းများကိုပါ လေ့လာခဲ့ပါတယ်။ပထမဆုံးအနေနဲ့ သူတို့၏မွေးရပ်ဇာတိဖြစ်သော နန့်မွန်းရွာနှင့်အခြားရပ်ရွာနီးစပ်များ၌ပါ လုပ်ဆောင်ခဲ့ပါတယ်။သူတို့ကိုယ်တိုင်ရေးသားထားသော အတွေ့အကြုံများကို ဖော်ပြလိုက်ပါတယ်။

 ထုရာ

မနေ့က ပါရမီလူမှုကူညီရေးအသင်းမှရွာအတွင်းအမှိုက်လှည့်လည်သိမ်းဆည်းရာတွင် ကျွန်မတို့အတူပါဝင်ခဲ့သည်။ ၃နာရီနီးပါး အမှိုက်ကားနဲ့ အမှိုက်များကို လှည့်လည်သိမ်းဆည်းခဲ့တယ်။ ကားရှေ့ မှာ တစ်ယောက်က အမှိုက်ကားလာပြီဆိုတဲ့အနေနဲ့ ခေါင်းလောင်းတီးပေးရတယ်။ ခေါင်းလောင်းသံကြားတာနဲ့ လူတိုင်းက  အမှိုက်ပစ်ရန်အတွက် အိမ်ရှေ့ မှာ အဆင်သင့် စောင့်နေကြတယ်။

22662344_1942784392641720_831218675_o.jpg

ဒါပေမယ့် ပြသနာတစ်ခုရှိတာက ချောင်းအနီးအနားမှာ နေထိုင်တဲ့မိသားစုအများစုက အမှိုက်ကို ချောင်းနားမှာ ပစ်ကြတာများတယ်။ မိုးများပြီး ရေကြီးလာတဲ့အခါ ချောင်းနားမှာရှိတဲ့အမှိုက်တွေက မိုးရေနှင့်အတူ အင်းတော်ကြီးအိုင်ကို စီးဝင်သွားတယ်။ ဒါက ကျွန်မတို့ပတ်ဝန်းကျင်အတွက်ရော အင်းတော်ကြီးအိုင်အတွက်ပါ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အချိန်ကြာလာရင် ရေထုညစ်ညမ်းမှုတွေဖြစ်လာစေပါတယ်။ ကျွန်မတို့ မနေ့က အမှိုက်ကောက်တာ ရပ်ကွက်အနည်းငယ်သာ ကောက်ခဲ့ပါတယ်။ ဒါတောင် အမှိုက်ကားက ခဏလေးနဲ့ ပြည့်သွားတယ်။

22563900_1942783512641808_2007677145_o.jpg

တကယ်လို့ အဲလိုမျိုးအမှိုက်ကောက်တာမရှိခဲ့ဘူးဆိုလျှင် တစ်ရွာလုံးရဲ့အမှိုက်တွေဟာ  အင်းတော်ကြီးအိုင်ထဲသို့  စီးဝင်သွားမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။ ပြီတော့ လမ်းပေါ်က အမှိုက်တွေလည်း ရှိသေးတယ်။ တစ်ချို့သောသူတွေက ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းမှာ တက်တက်ကြွကြွပါဝင်ကြတာကိုလည်းတွေ့ရပါတယ်။ တကယ်လို့ တစ်ရွာလုံးသာ တက်တက်ကြွကြွပါဝင်လာမယ်ဆိုလျှင် ကျွန်မတို့ရွှာလေးက သန့်ရှင်းသပ်ရပ်တဲ့ရွာလေးဖြစ်လာမှာ အသေအချာပါပဲရှင်။ အဲ့လိုသန့်ရှင်းသပ်ရပ်တဲ့ရွာလေးဖြစ်လာဖို့အတွက် ကျွန်မတို့ရွာသားတစ်ယောက်စီတိုင်းမှာ တာဝ

မေဇင်ဦး

မနေ့ ကလိုလုပ်ဆောင်ချက်တွေဟာကျွန်မတစ်ခါမှမကြုံဖူးခဲ့သလိုအဲလိုလုပ်ဆောင်မှုလေးတွေရှိတယ်ဆိုတာတောင်မသိခဲ့တာအမှန်ပါ။ပါရမီလူမှုကူညီရေးအသင်းကနေဦးဆောင်ပြီးရပ်ကွက်အလိုက်အမှိုက်လိုက်လံသိမ်းစည်းမှုမှာပါဝင်ခဲ့ပါတယ်။ဒီလိုပါဝင်ခွင့်ဆိုတာကျွန်မအတွက်တစ်ကယ်ကိုစိတ်ကျေနပ်မှုရစေခဲ့ပါတယ်။နန့် မွန်းသူဖြစ်လျက်နဲ့ ကိုယ့်ရွာမှာဘယ်လိုအဖွဲ့ အစည်းရှိတယ်သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးဘာတွေလုပ်နေတယ်ဆိုတာမသိခဲ့ပါဘူး။

22643273_1943351175918375_142355598_o.jpg

ကျွန်မတို့ရဲ့အင်းတော်ကြီးအိုင်ဟာဆိုရင်သဘာဝအတိုင်းတည်ရှိနေပြီးပြည်တွင်းပြည်ပမှခရီးသွားအများစုအား ဆွဲဆောင်နေသောအိုင်လေးဖြစ်ပါတယ်။အင်းတော်ကြီးအိုင်သန့်ရှင်းမှုနဲ့ပတ်သက်ပြီးရပ်ရွာ(ရပ်ကွက်)တွေမှာ အမှိုက်ကင်းစင်မှုဟာလည်း အရေးကြီးပါတယ်။

ကျွန်မတို့မှာ အဲလိုအမှိုက်တွေကိုစေတနာထားပြီးပတ်ဝန်းကျင်သန့် ရှင်းရေးအတွက်ကြိုးစားမာန်တက်လုပ်ဆောင်မှုတွေရှိနေတာတောင်အခုထိပတ်ဝန်းကျင်ကညစ်ပတ်နေဆဲဖြစ်နေပါတယ်။တစ်ချို့ချောင်းနဲ့ နီးတဲ့ရပ်ကွက်အိမ်တွေမှာ အမှိုက်တွေကိုသိမ်းပစ်ခြင်းမရှိဘဲချောင်းဘေးမှာပစ်လေ့ရှိတာကိုမြင်တွေ့ ခဲ့ရပါတယ်။ဒါဟာဆိုရင်ကျွန်မတို့ရဲ့သဘာဝပတ်ဝန်းကျင်ကိုဆိုးဝါးစေပါတယ် (ဥပမာ-ချောင်းဘေးအမှိုက်ပစ်ခြင်းဟာဆိုရင်ပတ်ဝန်းကျင်ကိုညစ်ပတ်စေသလိုလေထုညစ်ညမ်းမှုကိုလဲဖြစ်လာစေမှာအမှန်ပါ)။အဓိကကတော့ကျွန်မတို့ ရဲ့အားထားရာအသက်မွေးဝမ်းကြောင်းပြုရာဖြစ်တဲ့အင်းတော်ကြီးအိုင်ကိုသက်ရောက်စေမှာဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်များပျက်စီးလာတာနဲ့ အမျှရှေ့ ဆက်ဆိုးကျိုးတွေကများသထက်များလာနိုင်ပါတယ်။

ကျွန်မတို့ ရပ်ရွာအမှိုက်သန့် ရှင်းရေးဟာဆိုရင်ကျွန်မတို့ တစ်ဦးချင်းစီမှာတာဝန်ရှိတယ်လို့ ခံယူမိပါတယ်။ဒီသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ ရပ်ရွာအတွင်းအမှိုက်တွေကိုစနစ်တကျပစ်တတ်ဖို့ နဲ့ သိမ်းဆည်းတတ်လာဖို့ ဆိုရင်အသိပညာ၊ဗဟုသုတ၊တာဝန်ယူသိတတ်မှုတွေအမြောက်အများလိုမယ်လို့ ထင်ပါတယ်။အမှိုက်တွေရဲ့ဆိုးကျိုးတွေ၊ နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်တယ်ဆိုတာ၊ ဘယ်လိုထိန်းသိမ်းမယ်ဆိုတာကအစပညာပေးဖို့ လိုနေသေးပါတယ်။တစ်ဦးချင်းစီရဲ့ပူးပေါင်းပါဝင်မှုဟာဆိုရင်အရမ်းအရေးကြီးကြောင်းကိုလဲကျွန်မအနေနဲ့ လေ့လာခဲ့ရပါတယ်။ဒါကြောင့်မို့ ကျွန်မတို့ တွေဟာအင်းတော်ကြီးသား/သူတွေ၊ အင်းကိုချစ်တဲ့သူတွေ၊သဘာဝတရားကိုချစ်မြတ်နိုးတန်ဖိုးထားတဲ့သူတွေမှန်ရင်အမှိုက်တွေကိုချောင်းထဲမပစ်ဘဲစနစ်တကျနဲ့ စွန့် ပစ်ပြီးကျွန်မတို့ ရဲ့အင်းတော်ကြီးအိုင်လေးကိုထိန်းသိမ်းကြပါစို့ လို

This week our two interns, Htu Ra and May Zin Oo, had their first action-packed schedule. From participating in trash collection programs to learning how to conduct interviews, they worked in their home village of Nam Mun as well as a few surrounding villages. Here is their description of the experience in their own words: 

Htu Ra: 

Yesterday we went around the village and picked up trash with Payagu Organization which is working for environment around Nam Mun village. We were going around Nam Mun for three hours with the truck. One person had to ring the bell.  Everybody was waiting in front of their house ready for throwing out their trash when the heard the sound of bell.

One problem we saw was that most of the people who are living near the stream didn’t participate in the trash collection because they throw their trash beside the stream. When it rains a lot, water goes through this trash piles and waste is pushed downstream into the lake.  

22643262_1943351115918381_1451163799_o.jpg

I think this is very bad. Later our Indawgyi lake will have water pollution. Yesterday, we collected the trash just for a few quarters of the village. Even with just a few quarter we had one full trash truck. Now think about all the trash from around all villages which are near from Indawgyi that don’t have regular waste collection.

And there was a lots of trash on the street  too.  But  I saw some villagers was really active on cleaning that. If all the villagers will participate, later our village and Indawgyi lake will become clean. Everyone who is from around Indawgyi has a responsibility to become collect their trash and put it in the right places to make Nam Mun a cleaner place.

May Zin Oo

I had never had an experience like collecting trash before, but it was great meeting so many people who helped around our village. I have never done that activity before yesterday. I didn’t even know what our community is doing or that there even were volunteers around here.  

22643299_1943351139251712_112082691_o.jpg

Our lake is very attractive to local people and visitors.  Fortunately I had a chance to participate in working for the environment in Nam Mun. Yesterday, we went around the village where people were waiting to throw the trash from their house into the garbage truck.

Even when we have this kind of work around the community, our environment is still dirty and there is a lot of trash on the roads as well as others places including next to some streams that lead directly into Indawgyi. It looked so bad and it will create additional problems like not  getting fresh air. By throwing the trash into the stream our environment will deteriorate hurting our lovely Indawgyi Lake.

IMG_4917 copy.jpg

We have to solve these problems to create a better life for everyone. If we have some awareness training for people like what is the disadvantage of the trash and how can we maintain our local environment,  things can be better. I learnt that our main problem is saving our local environment so, if you love the lake please don’t throw trash into the stream.

 

Patrick Compton